မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်း

မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုရေးလုပ်ငန်း( ရုံးချုပ်)၊ ရုံးအမှတ်(၅၀)၊ နေပြည်တော်
နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် (၉.၁၁.၂၀၀၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃၉/၂၀၀၆) ၏ဆုံးဖြတ်ချက်အပေါ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူဆုံး ဖြတ်ချက်အရ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဂုန်လျှော်ပစ္စည်း လုပ်ငန်း၊မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊မြန်မာ့ကြံလုပ်ငန်း၊မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် မြန်မာစိုက် ပျိုးမွေးမြူရေးလုပ်ငန်း(၅)ခုတို့ကိုပေါင်းစပ်၍ “မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်း”အဖြစ် အရာ ထမ်း (၈၈၅)၊ အမှုထမ်း(၁၀၈၇၇)၊ စုစုပေါင်း(၁၁၇၆၂)တို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
(၂.၁.၂၀၀၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၀၉) ၏ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူ ဆုံးဖြတ် ချက်အရခွင့်ပြုခဲ့သော မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်း၊ ဂုန်လျှော်နှင့်လျှော်မျှင်များလုပ်ငန်းဌာန၊ အုတ်တွင်းချဉ်ပေါင်ပျော့ဖတ်စက်ရုံ၏ ဖွဲ့စည်းပုံအင်အား၊ အရာထမ်း (၁၀) ဦး၊ အမှုထမ်း (၂၂၄) ဦး၊ စုစုပေါင်း (၂၃၄) ဦးတို့အား ထပ်မံဖြည့်စွက်ထည့်သွင်း ဖော်ပြပါသဖြင့် မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေး လုပ် ငန်း၏ ဖွဲ့စည်းပုံမှာ အရာထမ်း (၈၉၅) ဦး၊ အမှုထမ်း (၁၁၁၀၁) ဦး၊ စုစုပေါင်း (၁၁၉၉၆) ဦးဖြင့် ဖွဲ့စည်း ထားပါသည်။