ဝါနှင့်ပိုးချည်လုပ်ငန်းဌာန

လယ်ယာစိုက်ပျိုးရေး  နှင့်  ဆည်မြောင်း၀န်ကြီးဌာန ၊ မြန်မာ့စက်မှုသီးနှံ
ဖွံ့ဖြိုးရေးလုပ်ငန်း၊ဝါနှင့်ပိုးချည်လုပ်ငန်းဌာနသည်လယ်ယာကဏ္ဍ၏မဏ္ဍိုင်သီးနှံများတွင်
တစ်ခုအပါအဝင် ဖြစ်သည့် ဝါသီးနှံကို နိုင်ငံပိုင် နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများ၏ ဝါဂွမ်း လိုအပ်ချက် နှင့် ဒေသသုံး ဝါဂွမ်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နှင့် ပိုလျှံသော ဝါဂွမ်း များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးကို လည်းကောင်း၊ ဒေသသုံး ပိုးချည် လိုအပ်ချက်ကို တိုးမြှင့်ဖြည့်ဆည်းပေးနိုင်ရန် ပိုးစာ စိုက်ပျိုးမှု နှင့် ပိုးချည် ထုတ်လုပ်မှု မြင့်မားရေးကို လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ငွေချည်-၆ချည်မျှင်ရှည်ဝါ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်း၊ ဝါနှင့် ပိုးချည်လုပ်ငန်းဌာနမှ ၂၀၀၆-၂၀၀၇ ခုနှစ် မိုးနှောင်းရာသီတွင် ငွေချည်-၆ ချည်မျှင်ရှည် ဝါမျိုးသစ်ကို စတင်ထုတ်ဝေ ဖြန့်ဖြူးခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ချည်မျှင်ရှည်ဝါစိုက်ပျိုးရေးတစ်ခေတ်ကို ဆန်းသစ်စေခဲ့သည်။ ငွေချည်-၆ဝါမျိုးသည် သီးလုံးဖောက်ပိုးဒဏ် ခံနိုင်ရည်ရှိမှုအပြင် တစ်ဘက်တွင် အခြားနှစ်လို ဘွယ်ရာ အရည်အချင်းများနှင့် ပြည့်စုံသည့် ဝါမျိုးဖြစ်သည်။ ဝါစိုက်ပျိုးသည်မှ (၁၃၀-၁၄၀) ရက်အတွင်း ဝါကောက်သိမ်းပြီးစီးနိုင်သည့် သက်လျင်ဝါမျိုးဖြစ်ကာ မြန်မာနိုင်ငံ၏ လက်ရှိဝါစိုက်ပျိုး လျက်ရှိသည့် ဒေသအားလုံး၌ဖြစ်စေ၊ မိုးကြို၊ မိုး၊ မိုးနှောင်း ဝါစိုက်ပျိုးရာသီ အားလုံး၌ဖြစ်စေ၊ ဝါစိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ကျယ်ပြန့်သောရာသီ/ ဒေသကိုက်ညီမှုရှိသည်။ ရေငတ်ဒဏ်နှင့် ရေဝပ်ဒဏ် နှစ်မျိုးလုံးကို အသင့်အတင့်ခံနိုင်ရည်ရှိသည့် ဝါမျိုးလည်း ဖြစ်သည်။


Read More

ဒေသအလိုက်ဝါစိုက်ဧရိယာများ



ဒေသအလိုက်ပိုးစာပင်စိုက်ပျိုးမှုနှင့်ပိုးမွေးမြူမှု